Categories
























အနှိပ်စနပ်ပါရှိပြီး လိုသလိုအနိမ့်/အမြင့်ချိန်ညှိနိုင်သော အလျား ၃ ပေခွဲရှိ စတီးကုတင်
MMK ၂,၉၃၀,၀၀၀
โปรดเลือกของแถม(Free Gift) :
Quantity :
Product Detail
လုပ်ဆောင်ချက်များစွာပါရှိပြီး လျှပ်စစ်ဖြင့်လိုသလို နိမ့်/မြင့်ချိန်ညှိနိုင်သော ကျန်းမာရေးအတွက်သင့်တော်သည့်ကုတင်။ ကုတင်နှင့်ပတ်သက်သောအချက်အလက်များမှာ ▪️ ကုတင်ကိုယ်ထည်အား တောင့်တင်းခိုင်မာသော စတီးဖြင့်ပြုလုပ်ထားသောကြောင့် 300 kg သို့မဟုတ် 650 ပေါင်အထိ ဝိတ်ခံနိုင်သည်။ ▪️ လူ့အသားအရည်အား သက်တောင့်သက်သာရှိစေရန်နှင့် အိစက်ညက်ညောစေရန်အတွက် အရည်အသွေးကောင်းမွန်သောရက်ထည်ဖြင့် ကုတင်ကိုယ်ထည်အား ဖုံးအုပ်ထားပါသည်။ ▪️ မွေ့ယာလျှောမကျစေရန်အတွက် ကုတင်ခြေရင်းဘက်တွင် သံကာတန်းတစ်ခုပါပြီး၊ ခေါက်နိုင်သည့် မည်သည့်မွေ့ယာအမျိုးအစားမဆို အသုံးပြုနိုင်သည်။ ▪️ ခြေတံရှည်ထောက်များကြောင့် ကုတင်အောက်ဘက်အား ဖုန်မစုစေပဲ အလွယ်တကူသန့်ရှင်းရေးပြုလုပ်နိုင်သည် (ဖုန်စုပ်စက်အသုံးပြု၍လည်း အောက်ဘက်ကြမ်းပြင်အား သက်တောင့်သက်သာဖြင့် သန့်ရှင်းမှုပြုနိုင်သည်။) ▪️ တုန်ခါမှုစနစ် (vibration) ၃ မျိုးဖြင့် ခေါင်းဘက်ပိုင်းသီးသန့် (သို့) အောက်ဘက်ပိုင်းသီးသန့် (သို့) အပေါ်အောက်နှစ်နေရာလုံးအား တစ်ချိန်တည်းတွင်နှိပ်နယ်နိုင်သည့် အနှိပ်စနစ်ပါ၀င်သည်။ ▪️ ရီမုခလုတ်တွင် ဓါတ်မီးစနစ်ပါသောကြောင့် ညဘက်အမှောင်ထုထဲတွင် သွားလာရလွယ်ကူစေသည်။ ▪️ ပြောင်းရွှေ့ရာတွင် လွယ်ကူစေရန်အတွက် ခြေတံရှည်များအား ခေါက်ထားနိုင်သည်။ ▪️ ကိုယ်တိုင် အလွယ်တကူတပ်ဆင်နိုင်သည် (ရန်ကုန်မြို့အတွင်းလိုအပ်ပါက မိမိတို့ Delivery team မှလည်း အခမဲ့တပ်ဆင်ပေးသည်)။ ▪️ ကြိုးမဲ့ရီမုခလုတ်ဖြင့် အိပ်စက်သည့်ပုံစံအမျိုးမျိုးအား ချိန်ညှိနိုင်သည်။ ဦးခေါင်းနှင့် ခြေထောက်နေရာများကို သင်အလိုရှိသည့်အတိုင်း သင်ကိုယ်တိုင်ချိန်ညှိနိုင်သည့်အပြင်၊ စနစ်မှ နှစ်ခြိုက်စွာအိပ်ပျော်စေရန် modes 4 မျိုးအထိ အလိုအလျောက်ချိန်ညှိပေးသည့်အတွက် ပိုမိုအဆင်ပြေစေသည်။ ▪️ Zero Gravity (ZG) mode: ဦးခေါင်းနှင့် ခြေထောက်များအား အပေါ်ဘက်မြှင့်တင်ပေးထားသည့်ပုံစံ။ သုညဆွဲငင်အားအနေအထားတွင် အိပ်စက်ခြင်းဖြင့် သက်တောင့်သက်သာနှင့် ကျန်းမာသောအိပ်စက်မှုအခြေအနေအား ဖန်တီးယူပါ။ ထိုပုံစံသည် ကျောရိုးပေါ်ရှိဖိအားများကို သက်သာစေပြီး၊ သွေးလည်ပတ်မှုစနစ်ကောင်းမွန်အောင် ကူညီပေးသည်။ လည်ပင်းနှင့် ခါးနာခြင်းကိုသက်သာစေပြီး အစာချေဖျက်မှုစနစ်ကို ကူညီပေးကာ ရင်ပူခြင်းနှင့် ၀မ်းတွင်းအက်ဆက်ပြန်တက်ခြင်းကို လျှော့ချပေးသည်။ ▪️ Anti Snore mode: အသက်ရှုလမ်းကြောင်းအပေါ်ပိုင်း ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ရန် ကူညီပေးသည်။ ▪️ TV mode: ကျောရိုးနှင့် လည်ဂုတ်နာကျင်မှုမရှိစေပဲ သင့်လျော်သောပုံစံဖြင့် အိပ်စက်ခြင်းနှင့် TV ကြည့်ခြင်းအတွက် ▪️ Reading Mode: အိပ်စက်ခြင်းနှင့် စာဖတ်ခြင်းအတွက် ကိုယ်ခန္ဓာအား သက်တောင့်သက်သာဖြစ်စေသည်။ ▪️ Memory Position Mode: သင်နှစ်သက်သော ဦးခေါင်းနှင့်ခြေထောက်အနိမ့်အမြင့်ကို မှတ်သားထားနိုင်သည်။ ထို့ပြင် speed နှင့် အလိုအလျောက်အနှိပ်စနစ်အားလည်း မှတ်သားထားနိုင်သည်။ ▪️ အလုပ်ပင်ပန်းမှုများမှ အနားယူရန် ဦးခေါင်းပိုင်းနှိပ်သည့်စနစ် ▪️ လမ်းလျှောက်ခြင်း (သို့) ပြေးခြင်းမှနာကျင်မှုကိုသက်သာစေရန် ခြေထောက်နှိပ်နယ်ပေးခြင်း ▪️ အကြောပြေသက်တောင့်သက်သာရှိစေရန် ဦးခေါင်းနှင့်ခြေထောက်နှိပ်ပေးသည့်စနစ် ▪️ နှိပ်ပုံ ၃ မျိုး စိတ်ကြိုက်ရွေးချယ်နိုင်သည်။ ▪️ မော်တာနှင့် ရီမုခလုတ်အတွက် (၂)နှစ် အာမခံရှိသည်။ ▪️ ကုတင်ကိုယ်ထည်ပိုင်းနှင့် အခြားအရာများအတွက် (၆)နှစ် အာမခံရှိသည်။ ယခုစျေးနှုန်းတွင် မွေ့ယာမပါပါ!!
Code
FLEX-035
Size
Width 94 cm. * Height 60 cm. * Depth 200 cm.
Weight
20 kg.