kiosk furniture logo
coupon
K
0 coin
>စားပွဲများ>

စတီးအလုပ်စားပွဲ - အကျိုးကျေးဇူးနှင့် အားသာချက်များ၊ ကြံခိုင်မှုနှင့် တာရှည်ခံမှု။

စတီးအလုပ်စားပွဲခုံများသည် ရုံးသုံးပရိဘောဂအမျိုးအစားတစ်ခုဖြစ်ပြီး အချိန်အတော်ကြာကတည်းကပင် လူကြိုက်များသည်။ ထူးခြားသောအင်္ဂါရပ်များအပါအဝင် ခိုင်ခံ့မှု၊ တာရှည်ခံမှု၊ ပြုပြင်ထိန်းသိမ်းရလွယ်ကူပြီး တတ်နိုင်သောစျေးနှုန်းတို့ကြောင့် စတီးအလုပ်စားပွဲများသည် အသုံးပြုမှုအမျိုးအစားအားလုံးအတွက် သင့်လျော်ပါသည်။ ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ စက်မှုလုပ်ငန်းသုံး စက်ရုံများတွင်ဖြစ်ဖြစ် အသုံးပြုနိုင်သည်။


စတီးအလုပ်စားပွဲ၏အကျိုးကျေးဇူးများ

စတီးအလုပ်စားပွဲများသည် အသုံးပြုမှုနှင့် ပြုပြင်ထိန်းသိမ်းမှုတွင် အားသာချက်များစွာရှိသည်။

  • ခိုင်ခံ့ပြီး တာရှည်ခံခြင်း - စတီးအလုပ်စားပွဲသည် အလွန်တာရှည်ခံသော စတီးဖြင့်ပြုလုပ်ထားသည်။ အလေးချိန်အများကြီး တင်၍အသုံးပြုနိုင်သောကြောင့် စိတ်ချလက်ချအကြမ်းအသုံးပြုရန် သင့်တော်ပါသည်။

  • ထိန်းသိမ်းရလွယ်ကူခြင်း - စတီးအလုပ်စားပွဲများသည် ရှုပ်ထွေးသောထိန်းသိမ်းမှုမလိုအပ်ပါ။ အ၀တ်စိုဖြင့်သုတ်၍ သန့်ရှင်းရေးပြုလုပ်နိုင်သည်။

  • ဓာတုပစ္စည်းများမှ ကင်းဝေးသည် - သုတ်ဆေးကို Powder Coating နည်းပညာဖြင့် ဖြန်းထားသောကြောင့်၊ သာမန်ဖြန်းဆေးများကဲ့သို့ အနံ့ သို့မဟုတ် အကြွင်းအကျန်မရှိပေ။

  • တတ်နိုင်သောစျေးနှုန်း - စတီးအလုပ်စားပွဲများသည် အခြားပစ္စည်းများဖြင့်ပြုလုပ်ထားသော အလုပ်စားပွဲများထက် ပိုမိုတာရှည်ခံသောကြောင့် ခနခနငွေသုံးစွဲရန်မလိုသည့်အတွက် ငွေချွေတာနိုင်သည့် အကောင်းဆုံးသော ရင်းနှီးမြှပ်နှံမှုပင်ဖြစ်သည်။


စတီးအလုပ်စားပွဲ၏အားသာချက်များ

အထက်ဖော်ပြပါ အကျိုးကျေးဇူးများအပြင် စတီးအလုပ်စားပွဲများသည် အောက်ပါအတိုင်း အားသာချက်များစွာလည်းရှိသည်။

  • ခေတ်မီဒီဇိုင်း - ယနေ့ခေတ်စတီးအလုပ်စားပွဲများသည် ခေတ်မီဒီဇိုင်းများဖြစ်သည်။ အခန်းအလှဆင်မှုပုံစံတိုင်းနဲ့ လိုက်ဖက်မှုရှိသည်။

  • စိတ်ကြိုက်ပြုလုပ်နိုင်ခြင်း - စတီးအလုပ်စားပွဲများကို သင့်လိုအပ်ချက်အရ အရွယ်အစား၊ ပုံသဏ္ဍာန် သို့မဟုတ် အရောင်အား စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။

  • အမျိုးမျိုးသောပုံစံများ - ပုံမှန်အရွယ်အစား စားပွဲများ၊ ခေါက်နိုင်သောစားပွဲများ၊ လျှပ်စစ်ဖြင့် ချိန်ညှိနိုင်သောစားပွဲများ။

  • ဘက်စုံသုံးနိုင်ခြင်း - စတီးအလုပ်စားပွဲများကို ရုံးလုပ်ငန်း၊ နေအိမ်နှင့် စက်ရုံများတွင်ပါ နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါသည်။


KIOSK ခေတ်မီပရိဘောဂသည် အရည်အသွေးမြင့် ခိုင်ခံ့၍ တာရှည်ခံသော ပရိဘောဂများအား စက်ရုံစျေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိပြီး အရည်အသွေးကို အာမခံပါသည်။

KIOSK ခေတ်မီပရိဘောဂသည် ပရိဘောဂအမျိုးအစားအမျိုးမျိုးကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အရည်အသွေးကောင်းမွန်သော စတီးစားပွဲများကို စက်ရုံမှစျေးနှုန်းများဖြင့် ရောင်းချပေးနေပါသည်။ ဒီဇိုင်းပုံစံအမျိုးမျိုးရှိသော ပုံမှန်စားပွဲများ၊ နေရာချွေတာရန်အတွက် လျှပ်စစ်ဖြင့် ချိန်ညှိနိုင်သောစားပွဲများနှင့် ခေါက်စားပွဲများလည်းရှိသည်။ Structure ပိုင်းအား (၅) နှစ်အထိ အာမခံပါသည်။ ပရိုမိုးရှင်းတွေ အများကြီး၊ လျှော့စျေးတွေ အများကြီး။ (၃)သိန်းဖိုးနှင့်အထက်မှာယူပါက ရန်ကုန်မြို့အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။ ယခုပဲ KIOSK ခေတ်မီပရိဘောဂရဲ့ Facebook Page ကတစ်ဆင့် စတီးစားပွဲတစ်လုံးကို ချက်ချင်းဝယ်ယူလိုက်ပါ။

Sort by: