kiosk furniture logo
coupon
K
0 coin

မှန်ကန်သောပရိဘောဂရွေးချယ်ရန်အတွက် လွယ်ကူသောအချက် (၅)ချက်







မှန်ကန်သောပရိဘောဂရွေးချယ်ရန်အတွက် လွယ်ကူသောအချက် (၅)ချက်

ဤပရိဘောဂရွေးချယ်မှုနည်းစနစ်များသည် သင့်အိမ်ကိုအလှဆင်ရာတွင် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

-------------------------------------------------------------------------------

ပရိဘောဂရွေးချယ်ခြင်းသည် စိတ်လှုပ်ရှားစရာ အချိန်တစ်ခုပင်ဖြစ်သည်။ သင့်တွင်လုံးဝ ပြန်လည်သတ်မှတ်ရန်အတွက် အခွင့်အရေးရှိသည်။ ရာပေါင်းများစွာသော စတိုင်များ၊ အရောင်များ၊ အပြင်အဆင်များနှင့် ပစ္စည်းအသားစသည့် ရွေးချယ်စရာများစွာရှိသော်လည်း မှန်ကန်သောပစ္စည်းများကို ရွေးချယ်ရန်မှာခက်ခဲနိုင်သည်။ ထိုသို့ဆိုလျှင် မှန်ကန်သောဆုံးဖြတ်ချက်အား မည်သို့ချနိုင်မည်နည်း? ဤအကြံပြုချက်များကို စတင်လေ့လာကြည့်ပါ။










၁။ သင့်ဘတ်ဂျက်ကိုကန့်သတ်ပါ။

ပရိဘောဂအသစ်များကို သင်စတင်ရှာဖွေသောအခါ သင့်ဘတ်ဂျက်ကို ရှင်းရှင်းလင်းလင်းသတ်မှတ်ထားကြောင်း သေချာပါစေ။ ငွေဘယ်လောက်သုံးရမယ်ဆိုတာ ကောင်းကောင်းတွက်ချက်ပါ။ ဤပရိဘောဂဝယ်ယူမှုတွင် သင်မည်မျှသုံးစွဲလိုသည်ကို ဘတ်ဂျက်ချရန် ကြိုးစားပါ။ အနိမ့်ဆုံးက ဘယ်လောက်လဲဆိုတာ သတ်မှတ်ပါ။ ဘယ်လောက်သုံးနိုင်လဲ။ ဘတ်ဂျက်တစ်ခုသတ်မှတ်ပြီးနောက်၊ သင်သတ်မှတ်ပြီးသားဘတ်ဂျက်ကို မှီဝဲရပါမည်။ ဒါက ပရိဘောဂရွေးချယ်တဲ့အခါ ဆုံးဖြတ်ရလွယ်ကူစေပါလိမ့်မယ်။ မည်သို့ပင်ဆိုစေ အနာဂတ်ဘဏ္ဍာရေးပြဿနာများကို ကာကွယ်ရန် သင်၏အမြင့်ဆုံးဘတ်ဂျက်ထက် ပိုမသုံးပါနှင့်။


သင်စျေးဝယ်ခြင်းမပြုမီ သင့်ဘတ်ဂျက်ကို သတ်မှတ်ခြင်းဖြင့်၊ သင်သည် စတိုးဆိုင်သို့သွားကာ ပရိဘောဂဒီဇိုင်း၊ ပစ္စည်းများ၏ အရည်အသွေးနှင့် ထုတ်ကုန်များ၏ အပြင်အဆင်ကို အာရုံစိုက်နိုင်ပြီး၊ ဤကုတင် သို့မဟုတ် ထိုဆိုဖာကို သင်တတ်နိုင်သည်ဖြစ်စေ မတတ်နိုင်သည်ဖြစ်စေ စိတ်ထဲမှတွက်ချက်နေရန်မလိုတော့ပဲ ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်သည်။














၂။ သင်စျေး၀ယ်ခြင်းမပြုမီ ဒီဇိုင်းပုံစံတစ်ခုကိုရွေးချယ်ပါ။

သင်၏အိမ်အား မည်ကဲ့သို့အလှဆင်ချင်ပါသနည်း? ဂန္တ၀င်ပုံစံ ဒါမှမဟုတ် ခေတ်မီသည့်ပုံစံအား နှစ်သက်ပါသလား? အိမ်တွင်းအလှဆင်သည့်အရာများ များစွာထည့်သွင်း၍ အလှဆင်ချင်ပါသလား? ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းထားချင်ပါသလား? ဒါမှမဟုတ် အထပ်/အကန့်များဖြင့် (Loft Style) အလှဆင်ချင်ပါသလား? ဤအချက်များသည် ပရိဘောဂမ၀ယ်မီ သင်ဆုံးဖြတ်ရမည့် မေးခွန်းအချို့ဖြစ်သည်။ အိမ်အတွင်းပိုင်း ဒီဇိုင်းပြုလုပ်အလှဆင်ခြင်းသည် အလွန်အရေးကြီးသဖြင့် ဤအချက်များသည် သင့်အားပရိဘောဂ၀ယ်ယူရန် ဆုံးဖြတ်ချက်ချရာ၌ ယခင်ကထက် ပိုမိုလွယ်ကူစေရန် ကူညီပေးနိုင်မည်ဖြစ်သည်။ သို့သော်သင်၏အိမ်အားအလှဆင်ရန်အတွက် ရာပေါင်းများစွာသော ဒီဇိုင်းပုံစံများရှိသောကြောင့် အိမ်တွင်းဒီဇိုင်နာ ငှားရမ်းခြင်းမပြုလျင်သော်လည်းကောင်း၊ သင့်တွင် ဒီဇိုင်းနှင့်ပတ်သတ်သော ဗဟုသုတမရှိလျင်သော်လည်းကောင်း အခက်တွေ့နိုင်မည်ဖြစ်သည်။ စိတ်မပူပါနှင့်၊ အိမ်နှင့်ပတ်သက်၍ သင်လိုချင်သော အရောင်အသွေး သို့မဟုတ် ပစ္စည်းများထားရှိချင်သည့်ပုံစံများအား စတင်၍စဉ်းစားကြည့်ပါ။ ဥပမာ - သင်သည် သင်၏အိမ်အား “Light” (ပေါ့ပေါ့ပါးပါး)နှင့် “Cozy” (အေးအေးချမ်းချမ်း)နေလိုလျှင် ဤစကားစုများကို သော့ချက်စာလုံးအဖြစ်အသုံးပြုပြီး Google သို့မဟုတ် Pinterest တွင်ရှာဖွေပါက သင်၏ကိုးကားချက်နှင့်ဆက်ဆိုင်သော ဒီဇိုင်းများကိုတွေ့လိမ့်မည်ဖြစ်သည်။

ပရိဘောဂများ၀ယ်ယူခြင်းမပြုမီ သင့်အိမ်၏ ဒီဇိုင်းအပြင်အဆင်အား ရှင်းရှင်းလင်းလင်း နားလည်ထားသင့်သည်။ သင့်အိမ်တွင် သင်လိုချင်သောအရောင်နှင့် အရောင်အရည်အသွေးများသည် သင့်လက်ရှိပရိဘောဂများနှင့် အတူတွဲ၍ထားပါက မည်သို့သောပုံစံအမျိုးမျိုးဖြစ်လာနိုင်သည်ကို ကြိုတင်စဉ်းစားပါ။ ထို့ပြင် လက်ရှိအိမ်၏ဒီဇိုင်းသည် သင့်ပရိဘောဂများနှင့် မည်သို့ကိုက်ညီနိုင်ပါသနည်း။ အိမ်ခန်းတွင်းရှိနေသော ဆိုဖာထိုင်ခုံ သို့မဟုတ် အိပ်ယာနှင့်လိုက်ဖက်နိုင်သည့် ဒီဇိုင်းရှိပါသလား စသည့်မေးခွန်းများကို စျေးမ၀ယ်ခင်ကပင် ခေါင်းထဲထည့်ထားမည်ဆိုပါက သင်အိမ်အတွက် ပြီးပြည့်စုံမည့်ပရိဘောဂများရှာတွေ့နိုင်ရန် အခွင့်အရေးပိုကောင်းမည်ဖြစ်သည်။



၃။ အရည်အသွေးမြင့် အထည်များကို ရှာဖွေပါ။

ဆိုဖာ၊ လက်တင်ကုလားထိုင် သို့မဟုတ် အိပ်ယာအစုံပါသော ပရိဘောဂပစ္စည်းများကို ဝယ်ယူသည့်အခါ၊ အထည်အသားနှင့်ပတ်သက်၍ စေးနဲ​ခြင်းမပြုပါနှင့်။ အရည်အသွေးမြင့် အထည်များကို သေချာရွေးချယ်ရပါမည်။ အဘယ်ကြောင့်ဆိုသော် အရည်အသွေးမြင့်ပြီး ဈေးကြီးသောအထည်များသည် ချောမွေ့ပြီး ပိုးသားရှိသော texture ရှိတတ်သည်။ စျေးပေါသောအထည်သားထက် ထိတွေ့ရတာ ပိုသက်တောင့်သက်သာရှိစေပါတယ်။ စျေးကြီးသောအထည်အများစုသည် တွန့်ခြင်းခံနိုင်ရည်ရှိပြီး အစွန်းအထင်းဒဏ်ခံနိုင်သော ဂုဏ်သတ္တိများရှိသည်။ ထို့ကြောင့် အရည်အသွေးကောင်းမွန်သော ပစ္စည်းများကို ရွေးချယ်ခြင်းသည် အိမ်၏ အလုံးစုံအသွင်အပြင်ကို ကောင်းမွန်စေပြီး ပြုပြင်ထိန်းသိမ်းမှုအတွက် အလွန်အမင်း စိတ်ပူရန်မလိုတော့ပါ။ အထူးသဖြင့် မည်သည့်အိမ်တွင်မဆို ကလေးများရှိလျှင် သို့မဟုတ် ပါတီပွဲများကျင်းပရန် မကြာခဏ ဧည့်သည်များရှိပါက အထည်ထည်ပစ္စည်းများတွင် ရင်းနှီးမြုပ်နှံခြင်းသည် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။



















၄။ သင့်အိမ်ရှိ လူအရေအတွက်ကို စဉ်းစားပါ။

သင့်အိမ်အတွက် ပရိဘောဂဝယ်ယူရန်စဉ်းစားရာတွင် သင့်အိမ်ရှိ လူအရေအတွက်သည် အလွန်အရေးကြီးသောအချက်ဖြစ်သည်။ အကယ်၍ သင်သည် တစ်ကိုယ်ရေ အမျိုးသမီးငယ်တစ်ဦးဖြစ်ပါက ဧည့်ခန်းတွင် ဆိုဖာကြီးတစ်ခုထားရှိခြင်းသည် ကြီးမားသောလိုအပ်ချက်တစ်ခုမဟုတ်ပေ။ အနားယူဖို့ လှပတဲ့ ကော်ဖီစားပွဲနဲ့ လက်တင်ကုလားထိုင်နှစ်လုံးက လုံလောက်ပါတယ်။ ဒါကလည်း ငွေစုဖို့ ကူညီပေးပါလိမ့်မယ်။ သို့သော် သင့်တွင် မိသားစုကြီးတစ်ခုရှိလျှင် သင့်အိမ်ထောင်စုနှင့် ဧည့်သည်များနှင့် အံဝင်ခွင်ကျဖြစ်စေရန်အတွက် ပိုကြီးသောဆိုဖာအစုံကို ဝယ်ယူရန်လိုအပ်ပါသည်။





















၅။ ကျွမ်းကျင်သူထံမှ အကြံဉာဏ်ရယူပါ။

ပရိဘောဂရွေးချယ်ခြင်းသည် လူအချို့အတွက် အနှောင့်အယှက်ဖြစ်နိုင်သည်။ ဒါကြောင့် ဒီအတွက် သင်အကူအညီလိုတယ်လို့ခံစားရရင် အတွင်းပိုင်းအလှဆင်ခြင်းနဲ့ ပရိဘောဂရွေးချယ်မှုကိုနားလည်တဲ့ သင့်ပတ်ဝန်းကျင်က ကျွမ်းကျင်တဲ့အလှဆင်သူ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်ကတစ်ယောက်ယောက်ကို တိုင်ပင်ဖို့မတွန့်ဆုတ်ပါနဲ့။ ပရိဘောဂမျိုးစုံကို ဈေးဝယ်တဲ့အခါ သူတို့က သင့်ကို ယုံကြည်မှုပိုရှိစေပြီး စိုးရိမ်မှုလည်း လျော့နည်းစေပါလိမ့်မယ်။






















Website : www.kioskthailand.com

Fadebook : https://www.facebook.com/KIOSKthailand