kiosk furniture logo
coupon
K
0 coin

ယုံကြည်စိတ်ချရသော Branded ပရိဘောဂနှင့် Branded မဟုတ်သော ပရိဘောဂ




'' ပရိဘောဂတစ်ခုဝယ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ ဘာကြောင့်ခက်ခဲရပါသလဲ? ''

သင့်အိမ်အတွက် ပရိဘောဂတွေဝယ်တဲ့အခါ သင်နှစ်သက်တဲ့ ပရိဘောဂတွေကို ရှာဖွေဖို့လိုပါတယ်။ အဲ့ဒါက အိမ်အလှဆင်ခြင်းရဲ့ ဒီဇိုင်းအားလုံးနဲ့ လိုက်ဖက်နိုင်တဲ့ function ကို ကြည့်ရပါမယ်။ ထို့အပြင် အချို့သောပရိဘောဂများသည် အပြင်ပန်းကြည့်သည့်အခါ အတူတူပင်ဖြစ်သည်။ ဒါပေမယ့် စျေးနှုန်းနဲ့ အမှတ်တံဆိပ် ကွဲပြားပါတယ်။ ထိုအခါတွင် မည်သည့်အရာအားရွေးချယ်ရမည်ကို ဆုံးဖြတ်ရခက်စေသည်။ ဤဆောင်းပါး၌ ကျွန်ုပ်တို့သည် ရှင်းလင်းစွာကူညီပေးပါမည်။ ဝယ်ယူမှုဆုံးဖြတ်ချက်များ ပိုမိုလွယ်ကူစေရန် ခြားနားချက်များကို နှိုင်းယှဉ်ပါ။




ယုံကြည်စိတ်ချရသော Branded Furniture

ယုံကြည်စိတ်ချရသော Branded Furniture ဆိုသည်မှာ ၄င်းတို့၏ ကုန်အမှတ်တံဆိပ်အား မှတ်ပုံတင်ထားသော ပရိဘောဂများကိုဆိုလိုသည်။ ဤပရိဘောဂများသည် ကုမ္ပဏီဖွင့်လှစ်ထားသော ထုတ်လုပ်သူများထံမှ တိုက်ရိုက်​လာခြင်းဖြစ်သည်။ အသေးစား၊ အလတ်စားဖြစ်စေ၊ အကြီးစား မည်သို့ပင်ဖြစ်စေ ထုတ်လုပ်မှုအခြေခံများဖြစ်သည့် ကုမ္ပဏီနှင့် စက်ရုံများ၏ ရှင်းလင်းသောတည်နေရာရှိသည်။ သစ်သား၊ စတီး၊ Stainless Steel၊ အလူမီနီယမ် သို့မဟုတ် ပလပ်စတစ်စသည့် ပစ္စည်းအမျိုးအစား အမျိုးမျိုးရှိသည်။ ဤပရိဘောဂအများစုကို ဌာနဆိုင်များ သို့မဟုတ် အထွေထွေပရိဘောဂဆိုင်များတွင် တွေ့နိုင်သည်။ ဝယ်ယူရလွယ်ကူပြီး ပရိဘောဂအမျိုးအစားများစွာလည်းရှိပါသည်။


အားသာချက်

- ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ရှိပါသည်။ Branded ထုတ်ကုန်အများစုတွင် ၎င်းတို့၏ကိုယ်ပိုင်လက္ခဏာရှိသည်။ လက်ရှိခေတ်ရေစီးကြောင်းအတိုင်း ရုပ်ထွက်ကောင်းမွန်ပြီး ပြောင်းလဲနေသော နေထိုင်မှုပုံစံများအတွက် အသင့်တော်ဆုံးဖြစ်အောင် ၄င်းတို့၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်၍ အမြဲဆောင်ရွက်လျက်ရှိသည်။

- ထုတ်လုပ်မှုတွင် စံချိန်စံညွှန်းပြည့်မီသော အခြေခံစက်ရုံတစ်ခုရှိသည်။ ကျွမ်းကျင်ဝန်ထမ်းများနှင့် စက်မှုနည်းပညာသုံးကိရိယာများဖြင့် ထုတ်လုပ်ထားသောကြောင့် ပရိဘောဂတစ်ခုစီကို အရွယ်အစား သို့မဟုတ် အရောင်တူညီအောင် ပြုလုပ်နိုင်သည်။ ပစ္စည်းတိုင်းကို ရောင်းချခြင်းမပြုမီ အရည်အသွေးစစ်ဆေး​မှုလည်းရှိသည်။ စနစ်တကျပြုလုပ်ထားသော သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းဆိုင်ရာ အခြားလုပ်ထုံးလုပ်နည်းများဖြင့် ထုတ်ကုန်အာမခံချက်နှင့် ရောင်းဝယ်မှုအပြီး ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်နိုင်သည်။

- ပရိဘောဂသည် တာရှည်ခံသည်။ စံချိန်မီထုတ်လုပ်မှုအပြင် စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်သည့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များလည်း ရှိပါသည်။ အာမခံနှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှုလည်းရှိသည်။

အားနည်းချက်

- စျေးနှုန်းမြင့်မားခြင်း




Branded မဟုတ်သော ပရိဘောဂများ

အမှတ်တံဆိပ်မပါသော Branded မဟုတ်သည့် ပရိဘောဂဆိုသည်မှာ လက်လီရောင်းချသူထံမှရရှိသော ပရိဘောဂများကို ရည်ညွှန်းပါသည်။ ၎င်းတို့သည် တရားဝင်မှတ်ပုံတင်ထားသော ကုန်သွယ်မှုမဟုတ်သည့်အပြင် ၎င်းတို့ကို ထုတ်လုပ်ရန် စက်မှုဇုန်များမရှိပါ။ ပရိဘောဂများကို ဂိုဒေါင် သို့မဟုတ် အိမ်တွင်းအလုပ်ရုံများတွင် ထုတ်လုပ်မည်ဖြစ်သည်။ ရှာဖွေရလွယ်ကူပြီး ဈေးသက်သာသော ပစ္စည်းဖြစ်သောကြောင့် ထုတ်လုပ်ရန်အတွက် တစ်ခါတစ်ရံတွင် သစ်သားအစစ် သို့မဟုတ် သစ်သားအတုကို အသုံးပြုကြသည်။ သို့မဟုတ် ပျက်စီးယိုယွင်းနေသော ပရိဘောဂများကို ပြန်လည်ပြုပြင်ရောင်းချတတ်ကြသည်။ အိမ်သုံးပရိဘောဂများရောင်းချသည့် အွန်လိုင်း သို့မဟုတ် လဟာပြင်စျေးကဲ့သို့သော နေရာများတွင်ရနိုင်သည်။ လူကြိုက်များပြီးထုတ်လုပ်သော ပရိဘောဂများတွင် စားပွဲ၊ ကုလားထိုင်များနှင့် စင်များ စသည်တို့ပါဝင်သည်။


အားသာချက်

- ၎င်းတို့အများစုမှာ လက်မှုပညာဖြင့်ပြုလုပ်ထားသည့် ပစ္စည်းများဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် တစ်ထည်တည်းသာရှိနိုင်ပြီး၊ ထုတ်လုပ်သည့် ထုတ်ကုန်တစ်ခုစီသည်လည်း အနည်းနှင့်အများ ကွဲပြားမှုရှိနိုင်သည်။ အထူးသဖြင့် ပရိဘောဂ၏ အစိတ်အပိုင်းတစ်ခုစီရှိ ပစ္စည်းများ၏ အရောင်များနှင့် ပုံစံများ။ တခါတရံတွင် ပုံစံ (သို့) အရောင်သည် ကွဲပြားနိုင်ပြီး ထူးခြားမှုရှိနိုင်သည်။

- ဈေးနှုန်းသက်သာပြီး၊ စျေးသက်သက်သာသာနဲ့ အိမ်အလှဆင်ချင်သူများအတွက် သင့်တော်ပါတယ်။

- ကောင်းမွန်စွာရွေးချယ်ခြင်းက သင့်အိမ်ကို စတိုင်ကျစေနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အချို့သောထုတ်လုပ်သူများသည် အနုပညာရှင်များ သို့မဟုတ် လက်မှုပညာသမားများဖြစ်နိုင်သော်လည်း တရားဝင်ကုမ္ပဏီတစ်ခုအဖြစ် မဖွင့်နိုင်သောကြောင့်ဖြစ်သည်။ ဒီဇိုင်းသည် ကုန်တိုက်တွင်ရောင်းချသော ယေဘူယျပရိဘောဂများထက် ပိုမိုဆန်းသစ်ပြီး ထူးခြားမှုရှိနိုင်သည်။

အားနည်းချက်

- စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ခြင်း၊ အရည်အသွေးစစ်ဆေးမှုများ မရှိနိုင်ပါ။

- အာမခံပေးခြင်းနှင့် ရောင်းချပြီးနောက်ဝန်ဆောင်မှုမရှိပါ။





Website : www.kioskthailand.com

Facebook : https://www.facebook.com/KIOSKthailand