kiosk furniture logo
coupon
K
0 coin

KIOSK ပရိဘောဂများကို သင်ရွေးချယ်သင့်သည့် အကြောင်းရင်း (၅)ခု

ယနေ့ခေတ်တွင် ပရိဘောဂစျေးကွက်အတွင်း ထုတ်လုပ်သူများနှင့် ရောင်းချသူများအကြား ပြိုင်ဆိုင်မှုများ ပို၍များပြားလာပါသည်။ ဤအချက်သည် ဝယ်ယူသူအား စျေးကွက်အတွင်း ပရိဘောဂအမျိုးမျိုးအား ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ဒါပေမယ့် ဒီနေ့မှာတော့ KIOSK ပရိဘောဂဟာ တခြားသံမဏိပရိဘောဂတွေနဲ့ မတူတဲ့အကြောင်းရင်း (၅)ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဝယ်ယူသူများသည် KIOSK အမှတ်တံဆိပ်မှ ပရိဘောဂများကို အဘယ်ကြောင့် ဝယ်ယူသင့်သနည်း။


KIOSK ပရိဘောဂအား ရွေးချယ်ရခြင်း၏ အကြောင်းရင်း (၅)ခု

  1. ထူးခြားသောဒီဇိုင်း - ကျွနု်ပ်တို့၏ပရိဘောဂများသည် စျေးကွက်ထဲတွင် သုံးစွဲသူများအတွက် ရုံးသုံးနှင့် အိမ်သုံးပရိဘောဂများကို ဒီဇိုင်းအမျိုးမျိုး ရွေးချယ်ဝယ်ယူနိုင်သော တစ်ဦးတည်းသော ထုတ်လုပ်ရောင်းချသူ ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ပရိဘောဂအသုံးပြုသူများ၏ နေ့စဥ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ဆောင်ချက်နှင့် အလှတရားနှစ်မျိုးလုံးဖြင့် အမျိုးမျိုးသောဒီဇိုင်းများကို ဂရုတစိုက်ပုံဖော် ထုတ်လုပ်ထားပါသည်။

  2. အရောင်အမျိုးမျိုး - ကျွနု်ပ်တို့၏ပရိဘောဂများကို စုစုပေါင်းအရောင် (၉)ရောင်ဖြင့်ရရှိနိုင်သောကြောင့် မည်သည့်အိမ် သို့မဟုတ် ရုံးခန်းများ၏ အလှဆင်မှုပုံစံနှင့်မဆို လိုက်ဖက်ညီစေပါသည်။

  3. ကုန်ပစ္စည်းအာမခံနှင့် ရောင်းပြီးနောက်ပိုင်း ဝန်ဆောင်မှု - လက်ရှိတွင် ပြည်ပမှ ရောင်းချသူများသည် စျေးနှုန်းသက်သက်သာသာဖြင့် ရောင်းချရန် စတီးပရိဘောဂများကို တင်သွင်းနေကြသော်လည်း ထုတ်ကုန်ဝယ်ယူပြီးနောက် ပြဿနာရှိလာပါက မည်သူမှ တာဝန်ယူပေးမည်မဟုတ်ပေ။ ထို့ကြောင့်ကျွနု်ပ်တို့၏ထုတ်ကုန်များသည် (၅)နှစ်အထိအရည်အသွေးအာမခံချက်ရှိသည်။ ပြဿနာတစ်ခုခုရှိလာပါက ပရိဘောဂများအသုံးပြုခြင်းနှင့် တပ်ဆင်ခြင်းနှင့်ပတ်သက်သော အမျိုးမျိုးသောအကြံဉာဏ်များ ပေးစွမ်းနိုင်စေရန် ၎င်းတို့၏အိမ်တွင် ဝယ်ယူသူများအား ဝန်ဆောင်မှုပေးသည့်အဖွဲ့တစ်ခုရှိမည်ဖြစ်သည်။

  4. နှစ်ပေါင်းများစွာရှိသော အတွေ့အကြုံများ - KIOSK ပရိဘောဂအမှတ်တံဆိပ်သည် စတီးပရိဘောဂဈေးကွက်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီး၊ ကျွမ်းကျင်မှုများစွာကိုပေးစွမ်းနိုင်သည်။ ထုတ်လုပ်မှု၊ ထုတ်ကုန်အရည်အသွေး၊ အိမ်နှင့် ရုံးအလှဆင်ခြင်း နှစ်မျိုးလုံးတွင် အမျိုးမျိုးသောဝယ်ယူသူများမှ မိမိတို့၏ထုတ်ကုန်များကို ယုံကြည်စိတ်ချမှုရှိအောင် ပြုလုပ်နိုင်ခဲ့ပြီးဖြစ်သည်။

  5. ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ - ဝယ်သူများ၏နေ့စဥ်ဘဝတွင် ကောင်းစွာအဆင်ပြေနိုင်စေရန် မိမိတို့ KIOSK ထုတ်ကုန်များကို စဥ်ဆက်မပြတ် ဂရုတစိုက် တီထွင်ထုတ်လုပ်လျက်ရှိပါသည်။ မိမိတို့သည် ပရိဘောဂဈေးကွက်တွင် အချိန်အတော်ကြာရှိနေပြီဖြစ်သော်လည်း ဒီဇိုင်းပိုင်းနှင့် ထုတ်ကုန်အရည်အသွေးနှစ်မျိုးစလုံးတွင် ပိုမိုတိုးတက်အောင် အစဥ်တစိုက် ကြိုးစားလျက်ရှိပြီး၊ ထုတ်ကုန်အသစ်များကိုလည်း ဆက်လက်ထုတ်လုပ်နေပါသည်။


ဝယ်ယူသူများကို ဂရုစိုက်ပြီး အရည်အသွေးကောင်းမွန်သော ပရိဘောဂများကို ရှာဖွေနေသူများအတွက် မိမိတို့ KIOSK ခေတ်မီပရိဘောဂမှ နွေးထွေးစွာကြိုဆိုပါသည်။ ပရိဘောဂများအား စတီးဖြင့်ပြုလုပ်ထားသောကြောင့် ပိုးမွှားများ၊ မှိုများ၊ သို့မဟုတ် အနံ့ဆိုးများမှ ကင်းဝေးစေမည်ဖြစ်သည်။ စက်ရုံစျေးနှုန်းဖြင့် အရည်အသွေးကောင်းမွန်သော စတီးပရိဘောဂအမျိုးမျိုးကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ အမျိုးအစားများစွာထဲမှ အရည်အသွေးနှင့် တာရှည်ခံမှုကို အာမခံပေးသော ထိပ်တန်းအမှတ်တံဆိပ်များစွာမှ မှန်ကန်သောရွေးချယ်မှုကို သင်ကိုယ်တိုင်ပြုလုပ်ပါ။ မိမိတို့ KIOSK ရှိပရိဘောဂများနှင့် လစဥ်ပရိုမိုးရှင်းများကို မိမိတို့၏ website တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ (၃)သိန်းဖိုးနှင့်အထက်မှာယူပါက ရန်ကုန်မြို့အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။


ကျွနု်ပ်တို့၏ ထုတ်ကုန်အစစ်အမှန်များကို ကျွနု်ပ်တို့၏ Furlish Common Room အရောင်းပြခန်း (၃)ခုတွင် ကြည့်ရှုကြပါစို့။

  1. Gateway @Bangsue 5th Floor (https://goo.gl/maps/tPFTCsVdPw12vhvR9)

  2. Central Changwatana 6th Floor (https://goo.gl/maps/f9r79W98mmmxPkXXA)

  3. ฺBig C Rama2 1st Floor (close to GSB bank) (https://goo.gl/maps/mZtYKUMTge7ZFAwA8)